ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ဒိုက်ဦးမြို့နယ်တွင် ကပ်ထားကြေညာ

ဒိုက်ဦး အောက်တိုဘာ ၂


အောက်တိုဘာလ ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၅၃)အုပ်စု၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခဲ့ သည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများအား ၂၀၁၉ ခုနှစ်တွင် ပြုစုခဲ့ပြီး လစဉ်ပြင်ဆင်ခြင်း၊ ဖြည့်စွတ်ခြင်း၊ ပယ်ဖျက် ခြင်းများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ တွင် ဆောင်ရွက်ခဲ့ပြီး စိစစ်ပြုစု၍ မဲဆန္ဒရှင်စာရင်းကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များတွင် ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများမှလည်း လိုအပ်သည့် ပြင်ဆင်မှု၊ တောင်းဆိုမှု၊ ကန့်ကွက်မှုများအရ ဆောင်ရွက်ခဲ့ပြီး ထပ်မံစိစစ်ပြုစုထားသည့် ယခုမဲဆန္ဒရှင်စာရင်း များကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ် ထပ်မံကပ်ထား ကြေညာမည်ဖြစ် ကြောင်း ဒိုက်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထွန်းဝင်းထံမှ သိရသည်။
ကျော်ကျော်(ဒိုက်ဦး)