နမ့်ဆန်၌ မဲရုံလုံခြုံရေးဆောင်ရွက်ရန် အထူးရဲသင်တန်းဖွင့်

နမ့်ဆန် အောက်တိုဘာ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး အဖြစ်ဆောင်ရွက်နိုင်ဖို့ အထူးရဲသင်တန်းကို ယမန်နေ့ နံနက်()နာရီက မြို့နယ်ခန်းမ ဆောင်တွင်ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ နမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မြင့်တို့က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ မြို့မစခန်းမှူး ဒုရဲမှူး မိုးဇော်ဆွေက သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် သင်တန်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်  မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်နိုင်ရန်အတွက် အထူးရဲအဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများကို မဲရုံဆိုင်ရာလုံခြုံရေးများ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း၊ လိုက်နာရမည့်လုပ်ငန်းတာဝန်များအား ရှင်းလင်းပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ နမ့်ဆန်မြို့နယ်အတွင်း မဲဆန္ဒနယ်အမှတ်()တွင် မဲရုံပေါင်း(၂၉)ရုံ၊ မဲဆန္ဒနယ်အမှတ်()တွင် မဲရုံပေါင်း(၂၇)ရုံ မဲရုံစုစုပေါင်း(၅၆)ရုံရှိပြီး မဲပေးနိုင်သည့် လူဦးရေ (၄၄၆၄၇)ဦးရှိကာ အဆိုပါမဲရုံ လုံခြုံရေးအတွက် အထူးရဲ(၅၆)ဦးအား သင်တန်းပို့ချပေးပြီး တာဝန်ခွဲဝေပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)