သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု နမ့်လန်ကျေးရွာတွင် အသက်(၈၀)မှ(၈၅)နှစ်အတွင်းနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

သီပေါ အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် ကိုဗစ်၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းမှစတင်၍  အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

နိုင်ငံတော်မှစီးပွားရေး ကုစားမှု အစီအစဉ်အရသက်ကြီးဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ နမ့်လန်ကျေးရွာအတွင်းရှိ  အသက်(၈၀)နှင့် (၈၅)နှစ်အကြား သက်ကြီး ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့်  ဘိုးဘွား(၂၅)ဦး အတွက်  ထောက်ပံ့ငွေ      စုစုပေါင်း () သိန်း ()သောင်းကျပ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အပြင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် တစ်ဦး တစ်လလျှင် ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် စတုတ္ထ သုံးလပတ်အတွက် ငွေကျပ် (၃၀၀၀၀)စီအား ဘိုးဘွား()ဦး အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေ စုစုပေါင်းကျပ် () သိန်း()သောင်းကိုလည်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)