ကျောက်မဲ အောက်တိုဘာ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် အခြားတိုင်းနှင့် ပြည်နယ်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ပိုးရှိ/မရှိ Rapid test kit ဖြင့် အောက်တိုဘာ ၃ ရက်ကစ၍ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာရှိ စစ်ဆေးရေးဂိတ် (Check Point -2 )အနီးတွင် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ယာဉ်နောက်လိုက် တစ်ဦး ထံမှ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ကြောင်း သိရသည်။
အဆိုပါ Rapid test kit ဖြင့် စစ်ဆေးချက်အဖြေအရ Positive ဖြစ်သူမှာ မိတ္ထီလာဘက်မှ လာသည့် ကုန်တင်ယာဉ် ယာဉ်နောက်လိုက်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် အောက်တိုဘာ ၃ ရက်နေ့က ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၇၇ ဦး၊ ယနေ့တွင် ၁၄ ဦး စစ်ဆေးပေးခဲ့ပြီး ယမန်နေ့စစ်ဆေးသည့်သူထဲမှ ပိုးတွေ့တစ်ဦးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)