တောင်ကြီး အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်တွင် ခရီးသွားပြည်သူများ၊ဒေသခံပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အ ဟုန် မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များက နေ့စဉ်တာဝန်ကျဝန်ထမ်းများ တာ၀န် ထမ်းဆောင် နေမှုကို သွားရောက် ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။
တောင်ကြီးမြို့နယ်ရှိ မြို့အဝင်/အထွက်ဂိတ်တွင် ပူးပေါင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့သည် တောင်လေး လုံး၊ ခေါင်တိုင်လမ်းခွဲဂိတ်နှင့်ဟိုပုံးတိုးဂိတ်အနီး တို့တွင် တာဝန်ကျ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ ဝင်များ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း တပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် စေတနာ့ ဝန်ထမ်းများပါဝင်၍ အိမ်စီးမော်တော်ယာဉ်ငယ်များ၊မော်တော်ဆိုင်ကယ်များ၊ မော်တော် ယာဉ်များ ဖြင့် ဖြတ်သန်း သွားလာနေကြသည့် ခရီးသွားပြည်သူများအား ကိုယ်အချိန် တိုင်းတာ စစ်ဆေးခြင်း၊ မှတ်ပုံ တင်စစ်ဆေးခြင်း၊ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ စာရင်းမှတ်သား ရေးသွင်းခြင်း၊လက်ကို စနစ်တကျ ဆေးကြော စေခြင်း၊တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာခြား၍စစ်ဆေး ခြင်း၊ပြည်နယ်ပြင်ပမှပြည်နယ်အတွင်း ဝင်ရောက် လာသည့်ခရီးသွားပြည်သူများအား ခရီးသွားထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း စသည့် လုပ်ငန်း များကို အ ရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ပြည် သူများ လိုက်နာဆောင်ရွက်ရေးအတွက် နေ့စဉ် ကြပ်မတ်အသိပေးနေခြင်းဖြစ်ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)