တန့်ယန်း အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများ ဝိုင်းဝန်း၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြရာ ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ယာယီပျံ ကျစျေးတွင် နှာခေါင်း စည်း၊ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ စျေး တာဝန်ခံ ဦးစောနိုင်နှင့်တာဝန်ရှိသူတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြေညာထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ညွှန်ကြားချက်များနှင့်အညီ စျေးရောင်းချသူများကို စနစ်တကျ ရောင်းချရန်အတွက် Hand စပီကာဖြင့် အသိပညာပေးကာ နှာခေါင်းစည်း Mask (၂၅၀)ခုနှင့် အသိပညာပေး လက်ကမ်း စာစောင် (၃၀၀)စောင်တို့ကို လေယာဉ် ကွင်းဟောင်းနေရာရှိ ယာယီပျံကျစျေးနှင့် အမှတ်(၃) ရပ်ကွက် ရှိ စျေးဟောင်းနေရာတို့တွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)