​​​​​​​ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများအား ဆေးကုသမှုဆောင်ရွက်ရန် ယာယီဆေးရုံ ကြိုတင်ပြင်ဆင်ဆောင်ရွက်

ကျောက်တန်း     အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာများ ဆေးကုသမှုဆောင်ရွက်ရန် ယာယီဆေးရုံ ကြိုတင်ပြင်ဆင်မှုများအား ယမန်နေ့က စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်မှုတွင်  ကျောက်တန်းမြို့ရှိ ရွှေမှော်ဝန်းသာသနာ့ဗိမာန်တွင် အခန်းများ ဖွဲ့စည်းပြီး ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများနှင့် အနံ့မရသည့် လူနာများအား ဆေးကူသမှုဆောင်ရွက်ပေးနိုင်ရန်အတွက် ယာယီဆေးရုံအဖြစ် ဆောင်ရွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာယီဆေးရုံ၌ အပေါ်ထပ်တွင် အခန်း( ၂၄) ခန်းနှင့် အောက်ထပ် ( ၃၀) ခန်း စုစုပေါင်း အခန်း(၅၄) ခန်း ဆောင်ရွက်ထားကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၉၉)ဦးရှိပြီး လက်ရှိအချိန်ထိ Quarantine  Centre  အဖြစ် မိုးလုံလေလုံအားကစားရုံ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အေးမြသီတာကျောင်းနှင့် မူလွန် ဆင်ကန်ကျောင်းတို့တွင်  Quarantine Centre များ အဖြစ်ထားရှိ ဆောင်ရွက်လျက်ရှိပြီး အထက မြိုင်သာယာ ကျောင်းတွင်လည်း Quarantine  Centre  အဖြစ် အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)