ကသာခရိုင် အင်းတော်မြို့တွင် မိုးစပါးစိုက်ခင်းများအတွင်း ပိုးပွားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်

အင်းတော် အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာ နယ်မြေ အတွင်းရှိ တောင်သူ ဒေါ်ဝင်းမြ မိုးစပါး ဆင်းဧကရီ- မျိုးစေ့ထုတ်စိုက်ကွက်နှင့် စိုက်ခင်းများ အတွင်း ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် မြေဩဇာများအချိုးကျ မှန်ကန်စွာ အသုံးပြုတတ် စေရေး ၂၂ဆ၃၃နှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲတတ်စေရေးတို့အတွက် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ စိုက်ပျိုးထားသော မိုးစပါးစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်း စေရန် အတွက် လည်းကောင်း၊ သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရေးနှင့် မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေးအတွက်လည်း ကောင်း၊ သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသထွက်ကုန်များ ရရှိလာနိုင်ရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူး များကို သိရှိနိုင်စေရန် အတွက်လည်းကောင်း၊ သီးနှံမျိုးစုံနှင့် အပင်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ သီးနှံနှင့် အပင်ကို ဖျက်ပိုးများ၏ တိုက်ခိုက်ဖျက်ဆီးမှု အခြေအနေ၊ ခံနိုင်ရည်ရှိမှု အခြေအနေများကို သိရှိနိုင်ရေး အတွက်လည်းကောင်းရည်ရွယ်၍ ယခုကဲ့သို့ တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဒေသအတွင်းရှိ သီးနှံစားသုံးသူ ပြည်သူများ အနေဖြင့်လည်း ဘေးအန္တရာယ် ကင်းရှင်းသော သဘာဝ စားသောက်ကုန် သီးနှံများကို ရရှိစားသုံးနိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

ကျော်သီဟ(အင်းတော် ပြန်/ဆက်)