စုကလိမြို့တွင် အသက်(၂)နှစ်အောက်က လေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ် ဆေးထိုးခြင်း များဆောင်ရွက်

စုကလိ      အောက်တိုဘာ      ၇

အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ် ဆေးတိုက်ကျွေး ထိုးနှံခြင်းကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၈) နာရီ အချိန်က အမျိုးသမီးကျန်းမာရေး ဆရာမအဖွဲ့ခေါင်းဆောင် ဒေါ်နန်းတင်တင်ဝေ မှ ဦးဆောင်၍ စုကလိမြို့မဲကုလားကျေးရွာအုပ်စုနှင့် တာအုပ်ကျေးရွာ အုပ်စုများ ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံပေးရာ အသက်(၂)နှစ်အောက် ကလေးငယ်များတွင် အဖြစ်များသောပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ၊ ပြင်းထန်အဆုပ်ရောင်ရောဂါ၊ ဝက်သက်၊ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါတို့ကို ကာကွယ်ပေးနိုင်သည့်ကာကွယ်ဆေးများ အပြင် BCG နှင့် ငါးမျိုးစပ်ကာကွယ်ဆေးတို့ကို တိုက်ကျွေးထိုးနှံပေးခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များ အား မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးရာတွင် စုကလိမြို့ မဲကုလားကျေးရွာအုပ်စုနှင့် တာအုပ်ကျေးရွာ အုပ်စုများ ရှိကလေးငယ် (၁၆၉)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃)ဦးတို့အား တိုက်ကျွေးထိုးနှံပေး  ခဲ့ကြောင်းသိရှိရသည်။

ပိုပိုအောင်(ပြန်/ဆက်)