သနပ်ပင် အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ Stay Home ကာလအတွင်း လမ်းမများတွင် နယ်မြေကျော် အသွားအလာ ပြုလုပ်နေသော ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ စက်ဘီးနှင့် သွားလာနေသော ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့တို့ ယနေ့နံနက်ပိုင်းက မြို့နယ်အဝင်ဂိတ်၊ မြို့ထွက်ဂိတ်၊ မြို့တွင်း လမ်းဆုံများ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် Stay Home ကာလတွင် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာစေရန်၊ နေအိမ်၌သာ နေထိုင်ရန်၊ မလိုအပ်ပဲ အိမ်အပြင်သို့ မထွက်ရန်၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ရပ်ကွက်/ ကျေးရွာအတွင်း လူသွားလူလာနည်းစေရန် အိမ်ထောင်စုများအလိုက် တစ်အိမ်ကိုတစ်ယောက် အပြင်ထွက်ခွင့်ကတ်ပြားအား ထုတ်ပေးထားရှိကာ အဆိုပါကတ်ဖြင့် လိုအပ်သော စားသောက်ကုန်နှင့် ဆေးဝါးများ ဝယ်ယူရန်အတွက် ပြုလုပ်ပေးထားကြောင်း သိရှိရသည်။
လှမိုး(သနပ်ပင်)