ဟင်္သာတမြို့နယ်၌ (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်း ကြေငြာထားရှိမူတို့ကို ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲဝင်များ က ကွင်းဆင်းစစ်ဆေး

ဟင်္သာတ  အောက်တိုဘာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်အခြေခံမဲ ဆန္ဒရှင်စာရင်းများကို ဟင်္သာတမြို့နယ်တွင် အောက်တိုဘာ ၁ရက်နေ့မှ စတင်၍ ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေငြာလျက်ရှိရာ  ယနေ့ နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကပ် ထားကြေငြာမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်းများ ကြေငြာကပ်ထားကြောင်းကို အများပြည်သူ  သိအောင် အသိပေးနှိုးဆော်ထားမှုများ၊ အသိပညာပေးလက်ကမ်း စာစောင်များ ပြည်သူများထံ ကျယ် ကျယ်ပြန့်ပြန့် ဖြန့်ဝေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဆောင် ရွက်ထားရှိမူ၊ မဲဆန္ဒရှင်များက မိမိအမည်မပါရှိခြင်း၊ အချက်အလက်များကွဲလွဲမှုရှိခြင်း၊ ပြင်ဆင် ကန့်ကွက်လိုခြင်းတို့အတွက် ပုံစံ() ပုံစံ()နှင့်(-)စသည့်ဖြင့် ပုံစံများ ပြည့်စုံစွာထားရှိမှုတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ()ရက်မှ (၁၄)ရက်ထိ ကပ်ထား ကြေငြာပေးထားမည် ဖြစ်ကြောင်း ဟင်္သာတခရိုင် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်ထံက သိရသည်။

ဟင်္သာတမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း(၂၆၂၅၉၁)ဦးရှိပြီး မဲရုံအရေအတွက် (၂၈၂)ရုံကို ဖွင့်လှစ်ဆောင်ရွက် သွားမည်ကြောင်း၊ စတင်ကြော်ငြာသည့်ရက်မှ (၁၄)ရက် အတွင်း ပြန်လည်ပြင်ဆင် ဖြည့်စွက်မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဟင်္သာတမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းအေး ထံက သိရသည်။

ကိုဇော်(ဟင်္သာတ)