ပိုင်ကျုံမြို့၌ 33/11KV-5MVA ခွဲရုံ တည်ဆောက်မှုလုပ်ငန်း (၉၃ ဒသမ ၅၈)ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ၊ အောက်တိုဘာ  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် 33/11KV-5MVA ခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဧပြီလ နောက်ဆုံးအပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၉၃ ဒသမ ၅၈) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် JICA ချေးငွေကျပ်သန်း(၇၂၀)ဖြင့် KTK ကုမ္မဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ (၉၃ ဒသမ ၅၈) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း KTK ကုမ္မဏီတာ၀န်ခံ ဦးပြည့်ဖြိုးပိုင်ထံမှ သိရသည်။ အဆိုပါ ခွဲရုံတည် ဆောက်ပြီးစီးပါက ပိုင်ကျုံမြို့မှ (၁၂) မိုင်အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓါတ်အားပြည့်၀စွာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)