ထန်းတပင်မြို့နယ်၌ အခြေခံပညာ ကျောင်းအသွားအလာကန့်သတ်စောင့်ကြည့်နေရာ လေးခုသို့ နေ့လယ်စာအဟာရထမင်းဘူးများ လှူဒါန်း

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစင်တာများတွင် အသွားအလာ ကန့်သတ်ထားရှိသူများနှင့် စေတနာ့ဝန်ထမ်းများ အတွက် နေ့လယ်စာ အာဟာရ ထမင်းဘူးများ လှူဒါန်းခြင်းကို အောက်တိုဘာလ (၇)ရက်နေ့၊ နံနက်ပိုင်းက အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ လေးခုသို့ အလှူရှင်များက သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သွား လာမှုများကို အ.ထ.က(ထန်းတပင်) အသွားအလာကန့်သတ်စောင့်ကြည့်နေရာ၊ အ.ထ.က(ခွဲ) ရိုးခွ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ ၊ အ.ထ.က(ခွဲ)အုတ်ဖို အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာနှင့် အ.လ.က(ခွဲ)ရွာသစ် အသွားအလာကန့်သတ်စောင့်ကြည့် နေရာများတွင် အသွား အလာများ ကန့်သတ်ထားရှိကာ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး အခြေခံ ပညာကျောင်းစင်တာလေးခုတို့ရှိ အသွားအလာ ကန့်သတ်ထားရှိသူများနှင့် စေတနာဝန်ထမ်း(၂၁၃)ဦး တို့အတွက် နေ့လယ်စာကို အလှူရှင်များက သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

လှူဒါန်းမှုများ ဆောင်ရွက်ရာတွင် စင်တာလေးခုတို့မှ အသွားအလာကန့်သတ်ထားရှိသူများနှင့် စေတနာဝန်ထမ်းများ(၂၁၃)ဦးတို့အတွက် အလှူရှင်ဦးအောင်ကျော်ဦး(အောင်ဘု-မိုလ်ဘိုင်းဖုန်း မိသားစု) နှင့်မိတ်ဆွေအလှူရှင်များက နေ့လယ်စာ ထမင်းဘူး (၂၁၃)ဘူး တို့ကို အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစင်တာများမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ 

ဇင်မင်းထိုက်(ပြန်/ဆက်)