ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၅)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

 

လားရှိုး         အောက်တိုဘာ  ၇

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ( ၇ )ရက်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား  (၂၁)ဦး ၊ အမျိုးသမီး(၄)ဦး စုစုပေါင်း (၂၅)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။ အဆိုပါ နေရပ်ပြန် ပြည်သူ(၂၅)ဦးတို့တွင် ကချင်ပြည်နယ်မှ(၁)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၃)ဦး ၊  ပဲခူး တိုင်းဒေသကြီးမှ(၁)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၃)ဦး၊မန္တလေးတိုင်းဒေသကြီးမှ(၅)ဦး ၊  ရခိုင်ပြည်နယ်မှ (၁၁)ဦး ၊ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦး တို့ဖြစ်ကြသည် ။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ(၆)ရက်နေ့မှ  အောက်တိုဘာ(၇)ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုး သား(၁၀၆၃၈)ဦး ၊ အမျိုးသမီး(၆၅၈၈)ဦး၊ စုစုပေါင်း (၁၇၂၂၆)ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

နန်းသန္တာဦး

(ပြည်နယ်၊ ပြန်/ဆက်)