မိုင်းဆတ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Facility Quarantine Center) အတွက် အားကစားပစ္စည်းများနှင့် MASK များ ထောက်ပံ့ပေးအပ်

မိုင်းဆတ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Facility Quarantine Center) အတွက် အားကစားပစ္စည်းများနှင့် MASK များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်း ဦးစီးမှူး ဒေါ်သောင်းသောင်းအေးက Facility Quarantine ဝင်ရောက်နေသူများ စိတ်ဖိစီးမှုလျော့နည်း သက်သာစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သောအားကစားများ ပြုလုပ်နိုင်ရန် UNICEF မှ အားကစားပစ္စည်းများနှင့်  MASK အလှူခံ၍ ပြန်လည်ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် Quarantine ဝင်ရောက်နေသူများ အားကစားပြု လုပ်နိုင်ရန်အတွက် အားကစားပစ္စည်း (၁၇)နှစ်မျိုးပါ (၄)စုံနှင့် MASK (၂၀၀)ခုကို ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်သောင်းသောင်းအေးက ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)