တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းကြေညာကပ်ထားသော ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တန့်ယန်း  အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားပြီးဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းစံအေးနှင့် တာဝန်ရှိသူများသည် နောင်ခမ်း၊ ဝိန်းမိုင်၊ နောင်ဖါ ကျေးရွာအုပ်စုများသို့ ယနေ့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရာအုပ်စု(၄၉)အုပ်စု၊ ကျေးရွာ(၆၀၁)ရွာရှိရာ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း (၉၀)ရှိပြီး မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အခြေခံ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကြေညာထားပြီးဖြစ်ရာ စုစုပေါင်း (၁၁၉၄၆၆)ဦး ရှိကြောင်းနှင့် အမည်စာရင်း ထည့်သွင်းရန် တောင်းဆိုခြင်း၊ လျှောက်ထားခြင်း၊ ကန့်ကွက်ခြင်းနှင့် ပြင်ဆင်လွှာတင်သွင်း ခြင်းများကို သတ်မှတ်သည့် ပုံစံဖြည့်စွက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။           

မင်းလွင်ဦး(ပြန်/ဆက်)