ကွတ်ခိုင် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ရိုက်ကူးဆောင်ရွက်သည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း အကြောင်းကို အသေးစိပ်ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းညီလောင်းက ရာသီအလိုက် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ် အမျိုးအစားများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မိုးရာသီ အတွင်း အများဆုံးဖြစ်ပွား လေ့ရှိသည့် မုန်တိုင်းဘေး၊ စူနာမီဘေး၊ မြေပြိုဘေး ၊ရေကြီးရေလျှံမှု ဘေးအန္တရာယ် များဖြစ်ပေါ် လာပါက သတိပြုဆောင်ရွက်ရမည့်အချက်များ၊ သိသင့် သိထိုက်သည်များနှင့် အချိန်နေရာမရွေး ကျရောက်နိုင်သည့် မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး အန္တရာယ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး မြို့နယ် မီးသတ်ဦးစီးဌာနမှ မြိ့နယ်ဦးစီးမှူး ဦးလွမ်းမိုးအောင်က မီးဘေးအန္တရာယ် ကျရောက်လာပါက မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်အမျိုးမျိုးမှ လိုအပ်သည့် ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများ၊ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးမှုအခြေအနေများ၊ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်နိုင်သည့် နည်းလမ်းများအား အသိပညာပေး ဆွေးနွေးသည်။
ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှု ကာလအတွင်း အများပြည်သူသိရှိ လေ့လာနိုင်ရန် အွန်လိုင်းမှတဆင့် အသိပညာပေးအစီအစဉ်ကို လစဉ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကာ၎င်းအစီအစဉ်များကို Kut Kai IPRD လူမှုကွန်ယက် စာမျက်နှာတွင် လွှင့်တင်ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)