မိုးကုတ်၊ အောက်တိုဘာ ၇
မြို့နယ်အတွင်းလူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(မိုးကုတ်)သို့ လူနာတင်ယာဉ်(၂)စီး လှူဒါန်းခဲ့ကြသည်။
အဆိုပါယဉ်များမှာ ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ ဆရာတော်ဘုရား၏ မတည်မှုဖြင့် ညောင်သုံးပင်ဆရာတော်၊ မိုးကုတ်ဝိပဿနာ မင်္ဂလာတိုက်ဆရာတော်တို့မှ ဦးစီးဦးဆောင်၍ မိုးကုတ်မြို့သူ၊ မြို့သားများနှင့် အနယ်နယ်အရပ်ရပ်ရှိ အဝေးရောက် ဒေသခံစေတနာရှင်များမှ စုပေါင်းကာ Original Ambulance ကားတစ်စီး ကိုလှူဒါန်းခဲ့ကြပြီး မိုးကုတ်မြို့၊ ခြင်္သေ့ရေရပ်နေ ဦးထွန်းစိန်၊ဒေါ်သန်းမြင့် (ဆွေမြန်မာလက်ဖက်) မိသားစုနှင့် မိုးကုတ်မြို့သူ၊ မြို့သားများမှစုပေါင်းကာ Alphard အမျိုးအစား မော်တော်ယာဉ်တစ်စီးကို လှူဒါန်းပေးခဲ့ကြ ခြင်းဖြစ်သည်။
ယခုအခါတွင် မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့(မိုးကုတ်)အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုမြန်ဆန် ထိရောက်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ဖြိုးမမ(မိုးကုတ်)