လှိုင် အောက်တိုဘာ ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လိုအပ်နေသော ပြည်သူများနှင့် Lock Down ဧရိယာများရှိ ပြည်သူများအတွက် လှိုင်မြို့နယ် အမှတ်(၁၀)ရပ်ကွက် လှိုင်မြင့်မိုရ်အိမ်ရာနေ အလှူရှင် (ဦးခင်မောင်မြင့်) +ဒေါ်ခင်နွယ်နွယ် မိသားစုမှ လှူဒါန်းသော တစ်အိမ်ထောင်လျှင် ဆန်(၂) ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံး၊ ပဲနီလေး(၅၀)သားတို့အား စုစုပေါင်း အိမ်ထောင်စု (၆၀)စာတို့အတွက်နှင့် (၁၃)ရပ် ကွက်အောင်မင်္ဂလာလမ်းနေ မညိမ်းညိမ်းဖြိုး၏ မွေးနေ့ အလှူအတွက် လှူဒါန်းသော တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာတုံး ၊ အချိုမှုန့်) စုစုပေါင်း အိမ်ထောင်စု(၆၀)စာတို့အား ယမန်နေ့နံနက်ပိုင်းက လှိုင်မြို့နယ် တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက အလှူရှင်များ ကိုယ်စားပြည်သူများထံ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်(ပြန်/ဆက်)