ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပညာရေးဌာနမှ အလှူငွေများ လှူဒါန်း

ပင်လောင်း အောက်တိုဘာ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် မြို့နယ်ပညာရေးဌာန ဝန်ထမ်းများက အလှူငွေများကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့  လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းမှုသည် မြို့နယ်ပညာရေးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ လိုအပ်သောလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခြင်းဖြစ်သည်။

မြို့နယ်ပညာရေးမှူးရုံးဝန်ထမ်းများမှ အလှူငွေကျပ် ၆၉၇၀၀ ကို မြို့နယ်ပညာရေးမှူး ဦးထိန်းဝင်းက လည်းကောင်း၊ အထက်တန်းဆင့်ကျောင်း ၂၀ မှ အလှူငွေကျပ် ၈၁၅၈၀၀ အလယ်တန်းအဆင့်ကျောင်း ၃၁ ကျောင်းမှ အလှူငွေကျပ် ၅၄၇၀၀၀  နှင့် မူလတန်းအဆင့် ကျောင်းအုပ်စု ၁၈ စု မှ အလှူငွေကျပ် ၁၂၆၇၅၀၀ ကို ကျောင်းအဆင့် ကိုယ်စားလှယ်များက လည်းကောင်း ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်က လက်ခံ ရယူခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)