ပြင်ဦးလွင်မြို့ရှိ  စည်ပင်သာယာမြို့မဈေးကြီး  သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်

ပြင်ဦးလွင်၊ အောက်တိုဘာ  ၇ 

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလများတွင်  ပြင်ဦးလွင်မြို့ရှိ စည်ပင်သာယာမြို့မဈေးကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ရေဆင်းမြောင်းများ ကောင်းမွန်စွာစီးဆင်းနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက  ဈေးကြီးအတွင်း / အပြင်ရှိ  ရေမြောင်းများအား  တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း ကာ ဆောင်ရွက်လျှက်ရှိသည် ။

ဈေးကြီးအတွင်းရှိ ဆိုင်ခန်းများအား  သတ်မှတ်ထားသည့် စည်းကမ်းများအား လိုက်နာဆောင်ရွက်ရေး၊ လျှပ်စစ်မီးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရေး ၊ သောက်သုံးရေအား စနစ်တကျ သုံးစွဲနိုင်ရေး၊ ဈေးအပြင်ရှိ ကျူးကျော်ခင်းထားသည့် ဈေးဆိုင်များအား သတ်မှတ်နေရာများတွင် ရောင်းချနိုင်ရေး၊ မြို့မဈေးကြီး ကုန်သည်လမ်းတွင်  လမ်းပြောင်းပြန် ရပ်ထားသည့်  မော်တော်ကားများအား  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်ခြင်းလုပ်ငန်းများ နှင့် ဈေးကြီးအတွင်း / အပြင်ရှိ ရေမြောင်းများအား  ရေကောင်းမွန်စွာ စီးဆင်းနိုင်ရေး  ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဉီး၏  ပြောကြားချက်အရ သိရသည် ။

ဇော်မျိုးထိုက် ( ပြင်ဦးလွင် )