ဒဂုံမြို့သစ်(အရှေ့ပိုင်း) အောက်တိုဘာ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ Quarantine Center များအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ Quarantine Center များတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်- ၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော မြက်ဖျာ၊ ခေါင်းအုံး+ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ် ၁၀၀ စုံ၊ သွားတိုက်ဆေး+သွားတိုက်တံ၊ ဆပ်ပြာတုံး (၃)မျိုးတွဲ ၁၀၀ စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက် ၁၀၀ စုံ၊ Surgical Gown ၅၀ ထည်၊ Face Shield ၁၅၀ ခု၊ Surgical Mask ၁၀၀၀ ခု၊ လက်အိတ် (၁၀၀) ပါ ၃ ဗူး၊ ရေမလိုလက်သန့်ဆေးရည် (၅၀၀)မီလီ ၅ ဗူး၊ လက်ဆေးဆပ်ပြာရည် (၅၀၀) မီလီ ၁၀ ဗူး၊ အရက်ပြန် (၅၀၀)မီလီ ၅ ဗူး အပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၄၈၉၅၀၀ ရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများနှင့် အနံ့ပျောက်သူများအား စောင့်ကြည့်စင်တာအဖြစ် သူနာပြုနှီးနွယ် သင်တန်းကျောင်း၊ အ.ထ.က (၁)၊ အ.ထ.က ခွဲ(လ၄)၊ အထက(၅)၊ အမက(၁၂)စာသင်ကျောင်း တို့တွင် ထားရှိပြီး စောင့်ကြည့်စင်တာများတွင် နေထိုင်သူများအတွက် ကျန်းမာရေး၊ စားသောက် နေထိုင်ရေးတို့အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားများ၊ သက်ဆိုင်ရာ တာရှိသူများနှင့် အထောက်အကူပြု အဖွဲ့များ၊ အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)