သီပေါ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသ

သီပေါ အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်ဘေးတွင် သီးသန့်ပြဘုတ်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသထားလျက်ရှိကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တွင် ကိုဗစ်၁၉ ကာလအတွင်း မိမိ၏ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များ လိုက်နာစေရေး၊   မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းများဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား၊  သင့်မှာအချိန်မရှိ/ မလုံလောက်ဖြစ်နေပါသလား၊ Online ကနေစစ်ဆေးလိုက်ပါ၊ QR ကုတ် အသုံးပြုနည်းများ၊  ယခုပဲသွားရောက်စစ်ဆေးလိုက်ပါခေါင်းစဉ်ပါ    နံရံကပ်ပိုစတာများနှင့်      "သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား" အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ပြသထားကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)