မိုင်းလုံမြို့တွင် သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင် ဖြန့်ဝေ ဆောင်ရွက်

မိုင်းလုံ  အောက်တိုဘာ ၇

၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင်ကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က မိုင်းလုံမြို့ပြန်/ဆက်ဝန်ထမ်းများက ဈေးရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ကားဂိတ်နှင့် ကျန်းမာရေးစစ်ဆေးဂိတ်များသို့ သွားရောက်ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား၊ ဖြည့်စွက်ရန် လိုအပ်မည့်ပုံစံများ၊ မဲဆန္ဒရှင်စာရင်းသွားရောက်စစ်ဆေးရန် အချိန်မလုံလောက်ပါက Online မှတစ်ဆင့် စစ်ဆေးနိုင်မည့်နည်းလမ်းများ စသည့် အချက်များ ပါဝင်သော လက်ကမ်းစာစောင်များကို ပြည်သူလက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်းသည်။

စန္ဒာ(မိုင်းလုံပြန်/ဆက်)