မိုင်းခုတ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မိုးစပါးစိုက်ခင်းများ ပိုးမွှားရောဂါကင်းစင်ပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ ကျွန်တော်တို့မြို့မှာ မိုးစပါးကို အဓိကထားစိုက်ပျိုးကြတယ်၊ စပါးမျိုးကိုတော့ ဒေသနဲ့ကိုက်ညီပြီး အထွက် နှုန်းကောင်းမွန်တဲ့ ရွှေရင်အေးနဲ့ ဆင်းရွှေဝါစပါးမျိုးကို အများဆုံးစိုက်ပျိုးကြတယ်။ မနှစ်က ကျွန်တော် ရွှေရင်အေးစပါး(၄)ဧကလောက်စိုက်တာ တစ်ဧက ၁၂၈ တင်းထွက်တယ်၊ မိသားစုစားဖို့ လုံလောက်တဲ့အပြင် ပို လျှံတဲ့စပါးတွေ ပြန်ရောင်းရလို့ အပိုဝင်ငွေရတယ်၊ ဒီနှစ်လည်းစပါးစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းတယ်၊ သီးနှံ ဖျက်ပိုးမွှားရောဂါတွေ ကျရောက်တာမရှိဘူး၊ မကြာခင်ရိတ်သိမ်းရတော့မယ်" ဟု အမှတ်(၂) ရပ်ကွက်(ဝမ်ဝိန်း)မှ တောင်သူ ဦးစိုင်းအောင်ခမ်းက ပြောသည်။
မိုင်းခုတ်မြို့တွင် မိုးစပါးစိုက်ဧက(၃၃၀၃)ဧကနှင့် (CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်(၁၀)ဧက စိုက်ပျိုး ထားရှိကြောင်း၊ လယ်မြေအများစုသည် လှေကားထစ်စိုက်ပျိုးနည်းဖြင့် ဘောင်ပျိုးစနစ်၊ ဆယ်တန်းတစ် တန်းလှပ်စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း၊ အဆိုပါစိုက်နည်းစနစ်သည် လေဝင်လေထွက် ကောင်းမွန် ပြီး အပင်ပွားထွက်နှုန်းကောင်းကြောင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ပိုးသတ် ဆေးဖြန်း ခြင်းနှင့် ရိတ် သိမ်းရာတွင် စပါးနှံထိခိုက်မှုနည်းစေသည့်အပြင် အထွက်နှုန်းလည်း ကောင်းမွန် ကြောင်း မြို့ရုံး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
စိုးတင့်(ပြန်/ဆက်)