လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ဆေး ခေါင်းအုံး(၆၅၀)လုံး လာရောက် လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် Community  Base Facility Quarantine Centerရှိ ကန့်သတ် စောင့်ကြည့်သူများ  ကျန်းမာရေးထောက်အကူဖြစ်မည့် ဆေးခေါင်းအုံး (၆၅၀)လုံးကို အမှတ်() ရပ်ကွက်ကျန်စစ်မင်းအိမ်ရာ ဓမ္မာရုံတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး တွင် အသုံးပြု ရန်အတွက် မန်နေ့နံနက်ပိုင်းက နဝဒေးအိမ်ရာနေ ဦးဂျက်() မောင်သာဖျန်း (ထန်းတပင်) မိသားစုမှ လာရောက်လှူ ဒါန်းခဲ့သည်။      

ထိုသို့လှူဒါန်းရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အလှူရှင်များဖြစ်သည့် နဒေးအိမ်ရာနေ ဦးဂျက်() မောင်သာဖျန်း (ထန်းတပင်) မိသားစုတို့ လှူဒါန်းသော ဆေးခေါင်းအုံး (၆၅၀)လုံးအား ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက လက်ခံရယူ ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်မှ ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည် ပေးအပ် ကြောင်းနှင့် ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ဆေးခေါင်းအုံး (၆၅၀)လုံး လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ထွန်းထွန်းနိုင်(ပြန်/ဆက်)