ညောင်ဦးမြို့ ကိုဗစ်-၁၉ ကုသရေးတွင် လိုအပ်သည့် နေရာသုံးနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

ညောင်ဦး  အောက်တိုဘာ  ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကိုဗစ်-၁၉ ကုသရေးတွင်လိုအပ်သည့်နေရာ အသုံးပြု နိုင်ရန်အတွက် အလှူငွေများ လာရောက် လှူဒါန်းလက်ခံခြင်းအခမ်းအနားအား ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ခရိုင်ခန်းမတွင် ယမန်နေ့ နံနက် ၁၀နာရီအချိန်တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဓမ္မဒူတ ဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒအားအ မှူးထား၍  Amazing Hotel &Resorts မှဒုတိယအကြိမ် တန်ဖိုး(၃၀၂၃၁၅၀)ရှိ Quarantine ဝင်ရောက်သူများသုံးစွဲရန် အခြေခံပစ္စည်းများထည့်သွင်းထားသည့်  Kit Box (၃၀)၊ အောက်ဆီဂျင်စက် (၁လုံး)၊   PPE ဝတ်စုံ(၁၀၀)စုံ၊ SurgicalGown (၂၀)စုံ၊နှင့် ပုဂံ - ညောင်ဦးမြို့နယ် ဂေါက်သီးရိုက်အဖွဲ့မှ ငွေကျပ်(၁၂၀၀၀၀၀) ကျပ်ဆယ်တစ်ဆယ့်နှစ် သိန်း၊ Bagan Myanmar Group of Companies ကငွေကျပ်(၁၅၀၀၀၀၀)တစ်ဆယ့်ငါး သိန်းကျပ်တို့အားလာရောက်လှူဒါန်းကြရာ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် အုန်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း ကော်မတီမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်းသိရသည်။

ကိုထိန်၊ KPD