အုတ်တွင်း အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ်စျေးရပ်ကွက်က သစ်တန်းရပ်ကွက်၊ မဲကုန်းရပ်ကွက်၊ ပဲခူးလမ်း ရပ်ကွက်၊ ပေါက်တောကျေးရွာ၊ သရက်ကုန်းကျေးရွာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါ က ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ၊ ရောဂါကူးစက်မှုမဖြစ်ပွားစေရန် တစ်ဦးနှင့်တစ်ဦး ၆ပေ အကွာ နေသင့်ကြောင်း၊ လက်ကိုစနစ်တကျ ရေဖြင့် မကြာခဏဆေးကြောသင့်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် နေရာဒေသမရွေး ကူးစက်နိုင်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ရပ်ကွက်၊ ကျေးရွာ အတွင်းသို့ နေရပ်ပြန်များ ပြန်လည်ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သတင်းပေးပို့ရမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးသီချင်းများအား Hand Speaker ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်ပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မာ(ပြန်/ဆက်)