မိုးနဲ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ဆီဆုံကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော (DU-12) မိုးစပါး (Rs to Cs) မျိုးစေ့ထုတ်စိုက်ခင်း ဧက(၆၀)ကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စုနှင့် နောင်မြိုင်း ကျေးရွာ အုပ်စုတို့မှ တောင်သူ ၃၅ ဦးက စိုက်ပျိုး ခဲ့ခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စပါးခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ထုတ်စပါးခင်းများကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဇူလိုင်လက တောင်သူများကိုယ်တိုင် စိုက်ပျိုးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ဓာတ်မြေဩဇာ၊ စိုက်နည်းစနစ်နှင့် လိုအပ်သောနည်းပညာများပံ့ပိုးပေးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပါးမျိုးကွဲနှင့် ပိုးမွှားရောဂါကျရောက်မှု ကင်းစင်ကာ တောင်သူများ လက်တွေ့အကျိုးခံစားခွင့်ရရှိတော့မည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)