လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံစာစောင်များ ပြသဆောင်ရွက်ပေး

လှိုင်းဘွဲ၊   အောက်တိုဘာလ  ၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေငြာမှုနှင့် ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရန် ပြည်ထောင်စုရွေးကောက်ပွဲမှ ထုတ်ဝေသော အသိပညာပေး ပိုစတာနှင့် လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါနံရံကပ်စာစောင်များတွင် မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားခြင်း နှင့်ပတ်သက်၍ သတိပြုဆောင်ရွက်ရမည့် အချက်များ၊ မဲပေးနိုင်ဖို့အတွက် ဖြည့်စွက်ရန် ဆောင်ရွက် ရမည့် အချက်များ၊ မဲပေးရာတွင် ဆောင်ရွက်ရမည့် အချက်များ၊ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြသထားလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)