ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူရှင်များမှ ကျန်းမာရေးသုံးပစ္စည်းများနှင့် အာဟာရများ လှူဒါန်း

ဝေါ အောက်တိုဘာ ၈

ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသုံး ပစ္စည်းများနှင့်အာဟာရများ လာရောက်၍ လှူဒါန်းခဲ့ကြကြောင်းသိရသည်။

အလှူရှင်များမှာ Together WAW Volunteer Group မှ လူနာနှင့် တာဝန်ကျ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ဒေါ်ဝင်းမှီမိသားစု၊ အောင်မြေလမ်း၊ အရှေ့ဘက်ကမ်းရပ်၊ ဝေါမြို့မှ-(၃)သိန်းကျပ်၊ ခေတ္တကိုးရီးယားနှင့် ထိုင်းရောက် ဧကရာဇ်ကျေးရွာ လူငယ်များမှ-(၂)သိန်းကျပ်၊ ကိုကြည်ဌေး+မလှလှဝင်း၊ သမီးအေးယမုံဦး မိသားစု၊ ချမ်းမြရပ်၊ ဝေါမြို့မှ PPE-(၂၀)စုံ- (၂)သိန်း(၇)သောင်းကျပ်နှင့် N 95 Mask-(၁၀)ခု-(၄)သောင်း(၆)ထောင်ကျပ်အားလည်းကောင်း၊ ကိုငြိမ်းချမ်း+မသီတာငြိမ်းမိသားစု၊ မင်းလမ်း၊ ဝေါမြို့မှ N95 Mask-(၅၀)ခုနှင့် မခိုင်ဇာခြည်စမ်း၊ ဝင်းဝင်းဆေးဆိုင်မှ Surgical Mask-(၅၀)ဘူး၊ Hand gel- ဘူးသေး-(၁၅)ဘူး၊ Hand gel ဘူးကြီး(၆)ဘူး၊ Face Shield-(၁၀)ခုနှင့် Cap တို့အား ကိုသော်ဇင်ထွန်းတို့က လှူဒါန်းခဲ့ကြပြီး ကိုဗစ်−၁၉ လူနာနှင့်တာဝန်ကျဝန်ထမ်းများအားမနက်၊ နေ့လယ်၊ ညနေစာ အာဟာရလှူဒါန်းမှုကို (၃.၁၀.၂၀၂၀)ရက်နေ့တွင် ကိုသော်ဇင်ထွန်း+ မပြည့်ပြည့်ဖြိုး မိသားစု၊ ဘိုးဘုံရပ်ကွက်မှလည်းကောင်း၊ (၄.၁၀.၂၀၂၀)ရက်နေ့တွင် ဦးအောင်မြင့်+ ဒေါ်သန်းသန်းဝင်း ရွှေပြည့်ရွှေဆိုင် မိသားစုမှလည်းကောင်း၊ ဘိုးဘုံရပ်ကွက်မှ လည်းကောင်း၊ (၅.၁၀.၂၀၂၀)ရက်နေ့တွင် ကိုအောင်သန်းစိုး+မသိင်္ဂီအောင် ရွှေပြည့်ရွှေဆိုင် မိသားစု ဘိုးဘုံရပ်ကွက်နှင့် မရွှေပြည့်+သမီးကြည်စင်ရွှေပြည့် ရွှေပြည့်ရွှေဆိုင်မိသားစု ဘိုးဘုံရပ်ကွက်တို့က အသီးသီးလှူဒါန်းခဲ့ကြကြောင်းသိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)