မိုးနဲမြို့၌ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး အကာအကွယ်တိုင်နှင့် လမ်းညွှန်သတိပေး ဆိုင်းဘုတ်များ တပ်ဆင်ပြီးစီး

မိုးနဲ   အောက်တိုဘာ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် လမ်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြင်/ထိန်း လုပ်ငန်းများအဖြစ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လမ်းကွေ့များတွင် အကာအကွယ်တိုင်နှင့် လမ်းညွှန်သတိပေး ဆိုင်းဘုတ်များ စိုက်ထူပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့စိုက်ထူရာတွင် လမ်းကွေ့လမ်းကောက်နေရာများ၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အကာအကွယ်တိုင် ၁၅၀ တိုင်ခန့်ကိုလည်းကောင်း၊ လမ်းအန္တရယ် ကင်းရှင်းစေရေးအတွက်  လမ်းညွှန်သတိပေးဆိုင်းဘုတ် ၁၅၀ ခုကို လည်းကောင်း စိုက်ထူ‌ပေးခဲ့ရာ လုပ်ငန်များအားလုံး ပြီးစီးသွားပြီဖြစ်ပြီး ယာဉ်မောင်းများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ပြီဖြစ်ကြောင်း မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။ 

မျိုးညွန့်ရွှေ