မိုးကုတ်၊ အောက်တိုဘာ ၈
မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကူးစက်ပြန့်ပွားမှုဖြစ်ပွားလျက်ရှိမှုအပေါ် ကူးစက်ပြန့်ပွားမှု လျော့ကျစေရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ်ပြည်သူတိုင်း mask တပ်ဆင်အသုံးပြု နိုင်ရေးအတွက် မိုးကုတ်မြို့နယ်၊ ကြက်ခြေနီအဖွဲ့တို့မှ ယမန်နေ့က မိုးကုတ်မြို့အတွင်း Mask များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုကို မိုးကုတ်မြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ မီးပွိုင့်လမ်းဆုံများနှင့် မိုးကုတ်မြို့နယ် အနောက်ပိုင်းရှိ ကျပ်ပြင်နှင့်ကသည်းအုပ်စု အတွင်းရှိ လူအများသွားလာစည်ကားရာနေရာများတွင် Maskများ အခမဲ့ဝေငှပေးခဲ့ကြပြီးနောက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ပြည်သူများလိုက်နာ ဆောင်ရွက်သင့်သည့် အပြင်ထွက်တိုင်း Mask တပ်ခြင်း လက်ဆေးခြင်းများအပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကို အမြဲမပြတ် လိုက်နာသတိပြုကြရေး အသိပေးတိုက် တန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)