သရက်ခရိုင် ဆင်ပေါင်ဝဲမြို့၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နှာခေါင်းစည်း(Mask)၊ လက်အိတ် နှင့်လက်သန့်ဆေးရည်များလှူဒါန်း

ဆင်ပေါင်ဝဲ အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မကွေးတိုင်းဒေသကြီးကြက်ခြေနီ အသင်း၏ ပံ့ပိုးကူညီမှုဖြင့် ဆင်ပေါင်ဝဲမြို့နယ် ကြက်ခြေ နီအသင်းခွဲမှ မြို့ပေါ်ရပ်ကွက်(၃)ခု တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး၍ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းမရှိသူ များ အား နှာခေါင်းစည်း(Mask)များ အခမဲ့တပ်ဆင်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များဆေးကြောပေးခြင်း၊ မလို အပ်ဘဲ အပြင်မထွက်ကြရန်နှင့် အပြင်ထွက်ပါက နှာခေါင်းစည်း(Mask)တပ် ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောကြရန် အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လမ်းဘေးဝဲယာနံရံ ကပ်ပိုစတာများ ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထိုနောက် အမှတ်(၁)ရပ်ကွက်၊မြို့နယ်ခန်းမ၌ ဖွင့်လှစ်သည့် အထူးရဲသင်တန်းသို့သွား ရောက် ၍ သင်တန်းသားများအား နှာခေါင်းစည်း(Mask)(၁၀၀)ခု၊ လက်အိတ်(၁)ဗူးနှင့် လက်သန့်ဆေးရည်(၂)ဗူးတို့အား လှူဒါန်းခဲ့ကြောင်း မြို့နယ်ကြက်ခြေနီတပ်စုမှူး ဦးအောင်စိုးပိုင် ထံမှသိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)