ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ Quarantine Centre တွင်ပါဝင်ကူညီဆောင်ရွက် ပေးသော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေပေးအပ်

ဘောဂလိ   အောက်တိုဘာ    ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ  Quarantine  Centre  တွင် ပါဝင် ကူညီဆောင်ရွက်  ပေးသော  စေတနာ့ဝန်ထမ်း (Volunteer)  များအား  ထောက်ပံ့ငွေများ   ပေးအပ်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက   ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင်   ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ    ထောက်ပံ့ငွေများကို    လူမှုဝန်ထမ်းဦးစီးဌာန က ထောက်ပံ့ပေးခြင်းဖြစ်ပြီး  Quarantine  Centre    တွင်  လုပ်ခ လစာ မရရှိဘဲ   လုပ်ကိုင်ဆောင်ရွက်ပေးနေသော   စေတနာ့  ဝန်ထမ်းများ သွားလာရေးတွင်  လွယ်ကူ အဆင်ပြေ စေရန်   ဆိုင်ကယ်ဆီဖိုး  အနေဖြင့်   တစ်ဦးလျှင်   (၄၂၀၀၀)ကျပ်နှုန်းဖြင့်    (၁၀)ဦးအတွက်  စုစုပေါင်း(  ၄၂၀၀၀၀/-) ကျပ် ကို   သံတောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး  ဦး‌ဇော်မိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး  ဦးနီဌေး နှင့် မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာန  ဦးစီးမှူး  ဒေါ်ခင်ခင်ထူး တို့က ထောက်ပံ့ပေး အပ်ခဲ့ကြပြီး  ဒုတိယအကြိမ်  မဲဆန္ဒရှင်စာရင်း  ကပ်ထား ကြေငြာမှု  အခြေအနေအား   ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 နီလာအေး( ပြန်/ဆက်)