အလုံ အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇) အလုံတွင် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) ရှိ အသွားအလာ ကန့်သတ်ထားသော ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ သုံးရေလုံလောက်စွာ အသုံးပြုရန်အတွက် ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က သုံးရေများ လာရောက်ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါရေကို အလုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ပေးဝေလှူဒါန်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်ဖြင့် (၈)ခေါက် သယ်ယူပို့ဆောင်ကာ စုစုပေါင်း ရေဂါလံ ၁၂၀၀၀ ကို လှူဒါန်း ပေးဝေခဲ့ကြောင်း သိရသည်။
တင်တင်ချို (အလုံ)