ကမာရွတ် အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် တိရစ္ဆာန်ဆေးကုဆရာဝန်များ ပရဟိတအဖွဲ့များ (Infinity Vets Myanmar) မှ မျက်မှန်(၅၀)ခု၊ လက်အိတ် (၂၅)ဘူး၊ HandGel 500ml(၁၀)ဘူးနှင့် Mask(၂၀၀၀)ခုတို့ကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အ.မ.က(၂) ကျောင်း Community Based Facility Quarantine Center သို့ လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါလာရောက်လှူဒါန်းမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက အလှူငွေများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက် စရာများကို နေ့စဉ်မပြတ် လှူဒါန်းလျက်ရှိကြောင်း သိရ သည်။
စိမ်းလဲ့(ပြန်/ဆက်)