ဒဂုံမြို့နယ်၌ နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် ပါးစပ် နှာခေါင်းစည်း(Mask)များတပ်ဆင်ခြင်း မရှိသူများအား စစ်ဆေးဆောင်ရွက်မှုပြုလုပ်

ဒဂုံ အောက်တိုဘာ ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသူတိုင်း ပါးစပ်နှာခေါင်းစည်း(Mask)များ မဖြစ်မနေ  စနစ်တကျ တပ်ဆင်ကြရန်  ပညာပေးခြင်းကာလဆောင်ရွက်ပေးခဲ့ပြီးနောက် ယမန်နေ့နံနက်၁၀နာရီခွဲက   ပြည်အရှေ့ရပ်ကွက် မနော်ဟရီလမ်း၌  မြို့နယ်ကိုဗစ်-၁၉ရောဂါ  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များကစစ် ဆေးဆောင်ရွက်မှုများ  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များက ပါးစပ်နှာခေါင်းစည်း(Mask)များ  တပ်ဆင်ခြင်းမပြုဘဲ  သွားလာနေသူ (၁၇)ဦးအား  ဒဏ်ငွေ (၂၀၀)ကျပ်စီပေးဆောင်စေပြီး ကိုဗစ်-၁၉ရောဂါ  ကူးစက်မှုနှုန်း များပြားလာမှုကြောင့် နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း (Mask)စနစ်တကျ  တပ်ဆင်သွားလာကြရန်   ကျန်းမာရေးအသိပညာပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)