ရွှေတောင်မြို့နယ်၌ မိုးစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ရွှေတောင် အောက်တိုဘာ  ၁၂


ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
ရွှေတောင်မြို့နယ် မိုးစပါးအနေဖြင့် စိုက်ပျိုးထားသော စပါးမျိုးများမှာ မှော်ဘီ-၂၊ ရတနာတိုး၊ အင်းမရဲဘော်၊ ရက်၉၀စပါးမျိုးများ ဖြစ်ပြီး အများဆုံးစိုက်ပျိုးသောစပါးမှာ မှော်ဘီ(၂)စပါးမျိုး  ဖြစ်ပြီး  တစ်ဧကကို စပါးတင်း (၈၀)ကျော်ထွက်မယ်လို့ ခန့်မှန်းထားကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ယခုနှစ်မိုးစပါးဧက (၅၈၀၀၀) ခန့် စိုက်ပျိုးထားသည်ဟု မြို့နယ် စိုက်ပျိုး ရေး ဦးစီးဌာနမှသိရသည်။
ကိုကိုမင်း(ပြန်/ဆက်)