ဆောမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန် အောက်ဆီဂျင်စက်လှူဒါန်း

ဆော အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသလျက်ရှိသည့် ပြည်သူများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးကာလအတွင်း အသက်ရှုလမ်း ကြောင်းဆိုင်ရာ အရေးပေါ်ပြည်သူများအတွက် အသုံးပြုနိုင်ရန် ယနေ့ နံနက် ၁၀ နာရီက ဆောမြို့ ဇေယျာရပ်ကွက်နေ ဒေါ်ကြည် မိသားစုမှ (၆) သိန်းတန်ဖိုးရှိ အောက်ဆီဂျင်စက် (Air Sep) တစ်လုံးကို လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လာရောက်လှူဒါန်းသည့် အောက်ဆီဂျင်စက် တစ်လုံးကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြတ်လေး ပန်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

ဇော်မျိုးသန့် (ဆော)