ကိုဗစ်-၁၉ ကာလအတွင်း ကောလင်းမြို့ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများ Online မှတစ်ဆင့် ဆောင်ရွက်

ကောလင်း အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ ကောလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ကောလင်းမြို့ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ၊ စာပေဝါသနာရှင်များ၊ ကလေးငယ်များအတွက် ပြည်သူ့ စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများကို Online မှတစ်ဆင့်  စာအုပ်များမိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ရောင်စုံစက္ကူဖြင့်အရုပ်ခေါက်ခြင်း၊ ပန်းချီဆွဲခြင်းနှင့် ဆေးရောင်ခြယ်ခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ စာကြည့်တိုက်ကလေးစာဖတ်ခန်းမှ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကြီးကြပ်၍ ဝန်ထမ်းများ၊ စာပေဝါသနာရှင်များ၊ စာပေချစ်သူများက အလှည့်ကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ စာပေချစ်သူများ (Book Club) အဖွဲ့မှလည်း လစဉ်စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိပြီး အသိပညာ ပေးလုပ် ငန်းများအဖြစ် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရန်၊ ရှောင်ရန်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများစသည့် အသိပညာပေးနံရံကပ်စာစောင်ဓါတ်ပုံများကို မြို့နယ်ရုံးရှေ့ရှိ နံရံကပ်စာမြေစိုက်ဘုတ်တွင် နေ့စဉ်ပြသထားရှိကြောင်းသိရသည်။

မြင့်ထွန်းမင်း (ကောလင်း)