မော်လမြိုင် အောက်တိုဘာ ၁၂
မွန်ပြည်နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်မြို့သို့ ထွက်ခွာသွား ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ စုရပ်ဖြစ်သော မဟာမြတ်မုနိ စေတီတော် သုခချမ်းသာဓမ္မာရုံရှေ့၌ မွန်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက မွန်ပြည်နယ်မှ ဒုပြည်နယ်တပ်ဖွဲ့မှူး ဒေါ်လေးလေးခက် ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင် အမျိုးသား (၂၇) ဦး၊ အမျိုးသမီး (၁၄) ဦး စုစုပေါင်း (၄၁) ဦးကို ဂုဏ်ပြုအမှာစကား ပြောကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောငွေကျပ်(၂၀၅၀၀၀ဝိ/-)ကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ရန်ကုန်မြို့သို့သွားရောက်မည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များက ဂုဏ်ပြုဆုငွေများ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)