ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ မြေစိုက်ဘုတ်တွင်ပြသ

ပန်းတောင်း   အောက်တိုဘာ   ၁၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်၊ထိန်းချုပ်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ငန်း များအား ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁) နာရီခန့်က ပန်းတောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ ရုပ်ပုံများကို ပြသခြင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံ ကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော  မိဘ/အုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေး ဆိုင်ရာ နည်းလမ်းများ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ ၊သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့်အကြောင်းအရာတို့ပါဝင်သော ကိုဗစ်-၁၉ရောဂါ  ဖြစ်ပွားမှုနှင့်ပတ်သတ်သည့် အသိပညာပေးရုပ်ပုံ(၁၈)ပုံ မှတ်တမ်းများကို  ပြည်သူများ လေ့လာသိရှိဆောင်ရွက်နိုင်ရန် ပြသ ဆောင်ရွက်ခဲ့သည်။
သင်းသင်းအေး (ပြန်/ဆက်)