ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း မော်တော်ယာဉ်များ မြို့နယ်ဖြတ်ကျော်ခွင့် QR Passများ ရှိ/မရှိစစ်ဆေးခြင်း ဆောင်ရွက်

ဒဂုံ အောက်တိုဘာ ၁၂


လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နေအိမ်ပြင်ပသို့ သွားရောက်ကြခြင်း မပြုလုပ်ကြရန် Stay at Home နေထိုင်ရေး အသိပညာပေး ဆောင်ရွက်ပြီးနောက် မော်တော်ယာဉ်များ မြို့နယ်ဖြတ်ကျော်ခွင့် QR Pass များ ရှိ/မရှိ စစ်ဆေးခြင်း ယမန်နေ့နံနက် ၉နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှ  ရဲမှူးဇော်မင်းလွင်၊   ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူများ၊မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဦးနှင့်အဖွဲ့ဝင်များ၊  ရပ်ကွက်တာဝန်ခံတို့က  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ယောမင်းကြီးရပ်ကွက် အလံပြဘုရား လမ်းတစ်လျှောက်  မော်တော် ယာဉ်များအားရပ်တန့်စေပြီးမြို့နယ်ဖြတ်ကျော်မောင်းနှင်ခွင့် QR Pass များ ရှိ/မရှိစစ်ဆေးပြီး ကျန်းမာရေး၊ ဈေးဝယ်ရန်လိုအပ်သည့်ကိစ္စများ၊ အခြားအရေးကြီးကိစ္စရပ်များမှအပ နေအိမ် ပြင်ပသို့ ထွက်ခွာသွားလာ ခြင်းမပြုကြရန် ပညာပေးဆောင်ရွက်ကြကြောင်းသိရသည်။ 
 ဇာဖြူဝင်း(ပြန်/ဆက်)