မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစီအစဉ်ဖြင့် အဟာရနို့တိုက်ကျွေးခြင်းကို ကျောက်ပန်းတောင်းမြို့ ရွှေနဒီပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဒုတိယအကြိမ်တိုက်ကျွေး

ကျောက်ပန်းတောင်း၊  အောက်တိုဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ အစီအစဉ်ဖြင့် အဟာရနို့တိုက်ကျွေးခြင်းကို၊ ယနေ့ နံနက်၉နာရီခွဲက ရွှေနဒီပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းရှိ အသက်(၁၀)နှစ်အောက် ကလေးငယ်(၅၀)ဦးတို့အား ဒုတိယအကြိမ်မြောက်တိုက်ကျွေးခဲ့ကြသည်။
အဆိုပါ အဟာရနို့တိုက်ကျွေးခြင်းကို ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်ကြက်နီ ခြေနီတပ်ဖွဲ့ဝင် များက ရွှေနဒီပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ အသက်(၁၀)နှစ် အောက် ကလေးငယ်(၅၀)ဦးတို့အား ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဖွံ့ဖြိုး သော ကလေးငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီ၏ အစဉ်အစဉ်ဖြင့်(၈)လတာ တိုက်ကျွေးသွာမည်ဖြစ် ကြောင်း မြို့နယ်အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ ကပြောပါသည်။
နေအောင်(ပြန်/ဆက်)