ပေါက်ခေါင်း အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၌ Facility Quarantine Center များတွင် ထားရှိသူများအနက်မှ (၁၂)ဦး၏ Swab ဓာတ်ခွဲ နမူနာ များအား (၂၇)ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးရန် ယနေ့နံနက်ပိုင်းက ရယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC အသီးသီးတွင်စောင့်ကြည့် အဖြစ်ထားရှိသည့် ရန်ကုန်၊မန္တလေးနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လာသူ(၁၂)ဦး ၏ Swab နမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဓာတ်ခွဲနမူနာများရယူခဲ့ပြီး ရန်ကုန်မြို့သို့ဆက်လက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)