​ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသူများအား အခြေခံစားသောက်ကုန်များလှူဒါန်း

ကျောက်ကြီး အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ဆိပ်ကြီးကျေးရွာရှိ ရွှေခရီး(စက်သုံးဆီအရောင်းဆိုင်) နှင့် Good Health (သောက်ရေသန့်စက်ရုံ)ပိုင်ရှင်မှ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ ကြောင်း သိရသည်။

လှူဒါန်းမှုမှာ မအူပင်ဆိပ်ကျေးရွာနှင့် ဆိပ်ကြီးကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော ဒေသခံပြည်သူအိမ် ထောင်စုများအား ဆန် (၆) ပြည်အိတ်(၁၀၁)အိတ်၊ ရေသန့်၁လီတာ(၆)လုံးကတ်(၁၀၁)ကတ်၊ ကြက်သွန်နီ (၅၀) သားထုတ် (၁၀၁)ထုတ်၊ ဆီ ၁ လီတာဘူး(၁၀၁)ဘူး၊ ဆား(၅၀)သားထုတ်(၁၀၁)ထုတ် စသည့် အခြေခံ စားသောက်ကုန်များကို စက်သုံးဆီအရောင်းဆိုင်နှင့် သောက်ရေသန့်စက်ပိုင်ရှင် ဦးလွင်ဘိုဘိုကျော်နှင့် ဒေါ်ဝေဝေဖူး မိသားစုတို့မှ လှူဒါန်းခြင်းဖြစ်သည်။

အဆိုပါလှူဒါန်းသော နေရာတွင် ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်း ဦးဆောင်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအား လက်ဆေးရည်များဖြင့် လက်ဆေးပေးခြင်း၊ နှာခေါင်း စည်း(Mask)များ အခမဲ့ဖြန့်ဝေတပ်ဆင်ပေးခြင်းများ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

K ခိုင် ပြန်/ဆက်