မိုင်းယောင်းမြို့နယ်၌ အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေး

မိုင်းယောင်း အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် လုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်ကျန်းမာရေးမှူး ဦးမြတ်စိုးအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ရွေးကောက်ပွဲကာလ အတွင်း မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း တက်ရောက်နေသော အထူးရဲတပ်ဖွဲ့ဝင် ၆၈ ဦးအား ကိုဗစ်-၁၉ Antigen Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ အထူးရဲတပ်ဖွဲ့ဝင်အားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း All not detected ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် မဲရုံပေါင်း ၆၈ ရုံ ဖွင့်လှစ်ရန်လျာထားပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၆၅၄၉ ဦးရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း