ကွန်ဟိန်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ပြဘုတ်နှင့် နံရံကပ်ပြဘုတ်တို့၌ ပြည်သူများအား အသိပညာပေးမှတ်တမ်းများ၊ အကြောင်းအရာများ ပြသခြင်းအား ယနေ့နံနက်ပိုင်း က စတင်၍ ပြသထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြဘုတ်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်များနှင့် ထင်မြင်ယူဆချက်များ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်များ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြုံပြုချက်များ၊ နှာချေချောင်းဆိုးသည့် အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များ၊ စနစ်တကျ လက်ဆေးနည်း လမ်းညွှန်ချက်များ၊ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ၊ ကိုဗစ်-၁၉ ဆိုင်ရာဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေးရုပ်ပုံများ စသည့် အသိပညာပေးအကြောင်းအရာများပါဝင်သည့်အပြင် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် သိကောင်းစရာများ၊ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးမှတ်တမ်းများအား ထည့်သွင်းပြသထားပြီး ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ နေ့စဉ်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)