ကံမမြို့နယ်တွင် ကျေးရွာပေါင်း (၄၀) ၌ ၂၄ နာရီ လျှပ်စစ်မီးရရှိ

ကံမ အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး၊     သရက်ခရိုင်၊         ကံမမြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးရွာ ၃၃ ရွာ၊အမျိုးသား ဓါတ်အားရရှိရေး စီမံကိန်း (NEP) Phase-1 ဖြင့်   ကျေးရွာ ၇ ရွာ   စုစုပေါင်းကျေးရွာ(၄၀)ရွာအား     မဟာဓါတ်အားလိုင်းမှ တဆင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် အင်းဘဲ၊ ညောင်တန်း၊   အလယ်ရွာ၊ အလယ်ရွာသစ်၊ ဓမ္မသော်၊ မင်းပြင်၊ မင်းပြင်သစ်၊ နံကပ်၊ နံကပ်ရွာသစ်၊ ပုထိုး၊ ဆန်တုန်၊ ငလှိုင်၊      ကျောက်ပြုတ်၊ သမ္ဘရာရွာသစ်၊ ညောင်ခုံ၊ မင်းရွာ၊ တောင်မြင့်၊ တောမကျင်း၊ တောမကုန်း၊ ရွာသာယာ၊ ကျီးမီး၊     ကျောက်စောင်း၊ သီးကုန်း၊ ဝက်တိုး၊ တောင်ပတ်၊ ထန်းကုန်း၊ သရက်တော၊ ခြောက်ထောင့်၊ အုတ်ရှစ်ချို၊ ရှမ်းကွင်း၊ အင်ဘက်တော၊ သရက်ချောင်း နှင့် အထက်မီးပေါက်ကျေးရွာတို့ဖြစ်ပြီး အမျိုးသား ဓါတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့်   ကြို့ပင်၊ သပြေကိုင်း၊ စီကျေးရွာ၊ ပျဉ်ထောင်၊ ကျောက်မဲ၊ ငွေလေးနှင့် ဂေါ်ပင်တောင်ကျေးရွာတို့ ဖြစ်သည်။

ထိုသို့ကျေးရွာများ ၂၄ နာရီလျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့ရာတွင်     တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မီးလင်းခဲ့သည့် ကျေးရွာ(၃၃)ရွာအတွက်   11KV လိုင်း(၂၅.၃)မိုင်  11/0.4KV 200KVA ထရန်စဖော်မာ (၇)လုံးနှင့် 11/0.4KV 100KVA ထရန်စဖော်မာ(၂၈)လုံးတို့ဖြင့် လျှပ်စစ်ဓါတ်အား ပေးနိုင်ခဲ့ပြီး အမျိုးသား ဓါတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့်    11KV   လိုင်း(၄.၁)မိုင် တည်ဆောက်၍  11/0.4KV 200KVA    ထရန်စဖော်မာ(၂)လုံး   11/0.4KV 100KVA    ထရန်စဖော်မာ(၈)လုံး  11/0.4KV 50KVA  ထရန်စဖော်မာ(၂)လုံး တို့ဖြင့်   မီးလင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကျန်ရှိနေသောကျေးရွာများအား လျှပ်စစ်ဓါတ်အားရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ  ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်ထံမှ သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)